အညာမီးဖိုချောင်ဘလော့လေးကို၂၃.၅.၂၀၁၃ နေ့မှာစတင်ဖန်တီးခဲ့ပါတယ်။ဒုတိယတန်းနှစ်လောက်ကတည်းကမီးဖိုချောင်မှာ
အမေ့ကိုကူရင်းချက်ပြုတ်လာခဲ့တာကနေအခုအချိန်မှာအစားအသောက်ချက်ပြုတ်ခြင်းက၀ါသနာတစ်ခုလိုဖြစ်နေပါတယ်။
ချက်ပြုတ်ရတာကိုစိတ်ဝင်စားပြီးချက်ပြုတ်နေရရင်စိတ်အပန်းပြေသလိုခံစားရပါတယ်။ဒါကြောင့်ဒီဘလော့ကိုစိတ်အပန်းဖြေစရာ
နေရာလေးတစ်ခုအဖြစ်နဲ့ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ဒီနေရာလေးကနေအညာသူအညာသားတွေချက်ပြုတ်စားသောက်ကြတဲ့
အစားအသောက်အကြောင်းလေးတွေကိုအဆင်သင့်သလိုတင်ပြသွားပါမယ်။နေရာဒေသလိုက်ပြီးချက်ပြုတ်စားသောက်ကြပုံချင်း
မတူညီတော့တခြားဒေသအစားအစာလေးတွေကိုလည်းတစ်မျိုးတစ်မည်ပြောင်းလဲပြီးချက်စားလို့ရတာပေါ့ဗျာ...။

အညာမီးဖိုချောင်ကိုလာလည်ကြဖို့ဖိတ်ခေါ်ပါတယ်...။
အားလုံးကိုလေးစားလျက်
အညာအိုးသူကြီး
No comments:
Post a Comment